Myanmar Parenting မှ စီစဉ်ကျင်းပတဲ့ “ကလေးနဲ့ခရီးသွားခြင်းအနုပညာ” စကားဝိုင်းမှာ Panelist တစ်ဦးအဖြစ် ပါဝင်ဆွေးနွေးပေးမယ့် မလှမြတ်စန္ဒီကို ၁၉၈၅ ခုနှစ် ဇူလိုင်လမှာ ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၂၀၀၁ ခုနှစ်တွင် ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်းမှ ဖြေဆိုအောင်မြင်ခဲ့ပါတယ်။ ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းတွင် စေတနာ့ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ဆောင်ခဲ့ပါတယ်။ လုံခြုံစိတ်ချ လိင်မှုကိစ္စဆိုင်ရာ အလေ့အကျင့်များ မြှင့်တင်ရေး စီမံချက်တွင် ကျေးရွာများအတွင်း HIV/AIDS အသိပညာပေး စကားဝိုင်းများ ပြုလုပ်ခြင်းနဲ့ ဘဝတွက်တာကျွမ်းကျင်စရာ သင်တန်းများပေးခြင်း အစရှိသည်တို့တွင် စီမံချက်လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။၂၀၀၇ နောက်ပိုင်းမှာ UK တွင် ၁၀ နှစ်တာမျှ အခြေချနေထိုင်ခဲ့ဖြစ်ပါတယ်။ ၂၀၁၆ မှာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီးလက်ရှိတွင် Stay at Home Mom တစ်ယောက်ဖြစ်ပါတယ်။ ခရီးသွားဝါသနာပါသူပီပီသမီးလေးနဲ့ ခရီးသွားရင်းရတဲ့ အတွေ့အကြုံလေးတွေ၊ ကလေးနဲ့သင့်တော်တဲ့ နေရာလေးတွေ၊ သဘာဝနဲ့ နီးစပ်တဲ့ နေရာလေးတွေကို အလည်သွားဖြစ်ခဲ့တာလေးတွေနဲ့ မိခင်ဘဝအတွေ့အကြုံလေးတွေကို Dear Tar Tar, We Explore ဆိုတဲ့ page လေးမှာ ပြန်လည်မျှဝေပေးဖြစ်နေပေးနေတဲ့သူဖြစ်ပါတယ်။ June 14, 2020 (Sunday)
1:00 – 3:00 PM
Facebook Live @ Myanmar Parenting Page#ကလေးနဲ့ခရီးသွားခြင်းအနုပညာ