121567567_10157738807575415_448341770747107708_o

ကျမကလေးကို Financial Literacy ဘယ်လိုသင်ပေးသလဲ?

လောကမှာ ပိုက်ဆံက အရေးကြီးတဲ့နေရာမှာရှိလို့ ကျမသား လေးနှစ်ကျော်တည်းက စသင်ဖြစ်ခဲ့တယ်။ ကျမသင်ခဲ့တာတွေပြောရရင်

  • ရေတွက်ခြင်း
  • ပိုက်ဆံအမျိုးအစားခွဲတတ်အောင်သင်တာ
  • ဈေးဝယ်တဲ့အခါ ဈေးနှုန်းကို ဖတ်ခိုင်းတာ
  • ပိုက်ဆံစုတတ်အောင်သင်တာ
  • အသုံးစာရင်းရေးခိုင်းတာ
  • လှူတတ်အောင်သင်တာ ဒါမျိုးတွေ သင်ဖြစ်ပါတယ်။

ရေတွက်ခြင်းဒါကတော့ ငယ်တည်းက စသင်လို့ရတာမျိုးပါ။ ၁ ၂ ၃ ၄ ရေခိုင်းတာပါပဲ။ အာလူးသီးတွေရေခိုင်းတာ၊ လှေကားထစ်တွေရေခိုင်းတာမျိုး လုပ်ပါတယ်။

ပိုက်ဆံအမျိုးအစားခွဲတတ်အောင်သင်ပေးတယ်အခုကိုဗစ်ကာလမှာတော့ ကလေးတွေကို ပိုက်ဆံမကိုင်ခိုင်းသင့်ပါဘူး။ တော်မီငယ်တုန်းကတော့ သင်လို့ရခဲ့တယ်ပေါ့ ကိုဗစ်မှမရှိတာ။ ပိုက်ဆံအရောင်မတူဘူး၊ တန်ဖိုးမတူဘူး။ ငယ်တုန်းက ဒီပိုက်ဆံတစ်ရွက်ရဲ့ တန်ဖိုးကိုတော့ သူမသိဘူးပေါ့။ တဖြည်းဖြည်းနဲ့မှ ၁၀၀၀၀ တန်ဆိုရင် ဘယ်လောက်တန်တယ် သူသိလာတာပါ။ ကျမပိုက်ဆံတွေဆိုလည်း ၁၀၀၀၀ တန်ဘယ်နှစ်ရွက်၊ တန်ဖိုးကဘယ်လောက်၊ ၅၀၀၀ တန်ဘယ်နှစ်ရွက်၊ တန်ဖိုးကဘယ်လောက်စသဖြင့် ရေးကူခိုင်းလေ့ရှိပါတယ်။ ကျမ Friend List ထဲက မိတ်ဆွေတွေကတော့ သိကြမယ်ထင်ပါတယ်။ တော်မီ ၅-၆ နှစ်လောက်ထဲက အဲ့လိုလေးတွေ ရေးတတ်တယ်ဆိုတာ။ဈေးဝယ်တဲ့အခါဈေးနှုန်းကိုဖတ်ခိုင်းတာCity Mart တို့ Ocean တို့သွားတဲ့အခါ၊ စာအုပ်ဆိုင်သွားတဲ့အခါ လုပ်ခိုင်းဖြစ်တယ်။ ထုံးစံအတိုင်း လေးငါးနှစ်လောက်ဆို ဒီစာအုပ်က ၂၀၀၀ ဆိုရင် တန်ဖိုးကို သူသိပ်နားမလည်ပေမယ့် အခု ၈ နှစ်ဆိုတော့ ၁၀၀၀၀ တန်ကိုင်သွားရင် စာအုပ် ၂၀၀၀ တန် ဘယ်နှစ်အုပ်ရမလဲ သူတွက်တတ်ပြီ။

သူ့ရှိတဲ့ပိုက်ဆံနဲ့ ဘယ်လိုချိန်ဝယ်ရမလဲ သူစဉ်းစားတတ်ပါပြီ။ပိုက်ဆံစုတတ်အောင်သင်တာပိုက်ဆံစုဖို့ဆိုတာမှာ How to Earn ကို စသင်ရတာပေါ့။ ကလေးမှာတော့ Earning က မုန့်ဖိုးပါ။ အိမ်အလုပ်လုပ်လို့ ဘယ်လောက်ပေးမယ်လို့တော့ ကျမမလေ့ကျင့်ထားပါဘူး။ သားလုပ်ရမယ့် အလုပ်လေးတွေ (သူ့အရွယ်နဲ့သင့်တော်တာလေးတွေပေါ့) ဒါလေးတွေကို မိသားစုတာဝန်အဖြစ် ခွဲဝေယူထားတာဖြစ်လို့ အဲ့အတွက် မုန့်ဖိုးမပေးတာပါ။ တော်မီငယ်ငယ်က တစ်နေ့ ၁၀၀ ပေးတယ်။ တစ်ရာတန်လေးတွေ လိုက်ရှာထားပြီး ပေးတာပါ။ ငါးရာတန်မုန့်စားချင်ရင် ငါးရက်စောင့်ရမယ်ဆိုတဲ့ မျိုသိပ်နိုင်ခြင်း Skill နဲ့ တွက်ချင်ချင့်ချိန်နိုင်ခြင်း Skill ကိုပါ သင်ပေးချင်တာမို့ပါ။ အခု ၈ နှစ်မှာတော့ တစ်ရက်ချင်းမပေးတော့ပါဘူး။ တစ်ပတ်ငါးထောင်ပေးပါတယ်။ တစ်ပတ်စာယူထားပြီး နှစ်ရက်နဲ့ကုန်သွားလည်း ကျန်ငါးရက်ကို မုန့်မစားဘဲနေရမယ်ဆိုတဲ့ အသိဝင်စေချင်လို့ပါ။ ဖြစ်ချင်တော့ ကိုဗစ်ကြောင့် ကျောင်းတွေပိတ်ထားတော့ အကုန်စုငွေပဲဖြစ်နေတာပေါ့လေ။

ဒီမှာသတိထားရမှာကတော့ မေမေအနေနဲ့ ကလေးစားချင်တဲ့မုန့်၊ အာဟာရရှိမယ့်မုန့်ကိုတော့ (ကျောင်းတက်ရရင်) စီစဉ်ပေးသင့်ပါတယ်။ ၂၀၀၀၀ တန်အရုပ်/စာအုပ်/မုန့်လိုချင်ရင် ကိုယ့်ဘာကိုယ်ဝယ်ရမယ်။ ကျန်လိုအပ်တာ (Needs) ကို မေမေဝယ်ပေးမယ်ဆိုတဲ့ Deal ယူထားပါတယ်။ အသုံးစာရင်းရေးခိုင်းတာဗလာစာအုပ်တစ်အုပ်ပေးထားပြီး တစ်ဘက်ခြမ်းမှာ Earnings စာရင်း (နေ့စွဲ၊ ဘယ်လိုရတယ်၊ ဘယ်လောက်ရတယ်) ရေးခိုင်းပါတယ်။ တစ်ဘက်ခြမ်းမှာ Uses စာရင်း (နေ့စွဲ၊ ဘယ်လိုသုံးတယ်၊ ဘယ်လောက်သုံးတယ်) ရေးခိုင်းတာပေါ့။ ပြီးရင် လက်ကျန်ပိုက်ဆံနဲ့ စာရင်းနဲ့ ကိုက်မကိုက် စစ်ခိုင်းပါတယ်။ ကလေးဆိုတော့ ရတာရော သုံးတာပါ မများတော့ ရေးနိုင်ပါတယ်။ လှူတတ်သောကလေးဖြစ်စေရန်သင်ပါတယ်ကိုယ့်မှာရှိတာကို Share လုပ်ချင်တဲ့စိတ်ကလေးကို ရှိစေချင်တာမို့လို့ သားပိုက်ဆံထဲက တချို့ကို လှူတတ်အောင် သင်ပါတယ်။ ပိုက်ဆံက လောကမှာအရေးကြီးပေမယ့် အရေးအကြီးဆုံးအရာမဟုတ်တဲ့အတွက်ပါ။

ကိုယ့်ဘဝကိုယ်ပျော်ရွှင်တဲ့ကလေးဖြစ်စေချင်လို့ စေတနာသန့်သန့်နဲ့ လှူတဲ့အလှူကနေရတဲ့ ပီတိနဲ့စိတ်အေးချမ်းခြင်းကို ရရှိစေချင်လို့ သူစုထားတဲ့ငွေထဲက လှူချင်တာမျိုးရှိရင် ပေးလှူစေပါတယ်။ ကျမကတော့ ရငွေရဲ့ ဘယ်လောက်အစိတ်အပိုင်းကို လှူပါလို့တော့ မလေ့ကျင့်ဖြစ်သေးပါဘူး။

သိုသိုသိပ်သိပ်နဲ့ မမော်ကြွားတဲ့ အလှူရှင်လေး ဖြစ်အောင်လည်း ကြိုးစားလေ့ကျင့်ပေးပါတယ်။Financial Literacy အတွက် အလွန်အရေးကြီးတဲ့ Moral Developmentသန့်ရှင်းတဲ့ပိုက်ဆံရအောင် ဘယ်လိုရှာရတယ်၊ ဘဝမှာပျော်ရွှင်အောင် ဘယ်လိုနေနိုင်ရတယ်ဆိုတာမျိုးက ပိုက်ဆံဘယ်လိုရှာပြီး ဘယ်လောက်သုံးနိုင်တယ်ဆိုတာထက် ပိုအရေးကြီးတယ်လို့ ခံယူထားတာမို့ ဒီ Moral Development ပိုင်းကတော့ စာအုပ်တွေ၊ ပတ်ဝန်းကျင်က အဖြစ်အပျက်တွေ၊ ညပိုင်းစကားပြောချိန်တွေမှာ အလျဉ်းသင့်သလို ပြောပြဖြစ်ပါတယ်။ အခုပြောသွားတာတွေကတော့ ကျမလုပ်ဖြစ်နေတဲ့ အကြောင်းလေးတွေကို မျှဝေခြင်းသက်သက်သာ ဖြစ်ပါတယ်။ မိသားစုအားလုံး ကိုဗစ်အန္တရာယ်ကင်းဝေးပြီး ကျန်းမာချမ်းသာကြပါစေ။ ပျော်ရွှင်ကြပါစေ။ #drsabai18th Oct 2020

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *