sex-education

ကျမတို့အနာဂတ်မျိုးဆက်အတွက် သင့်တော်မှန်ကန်သော Sex Education သင်ကြားပေးဖို့ ကျမတို့ကြိုးစားကြပါစို့

M

yanmar Parenting က Sex Education တွေ တောက်လျောက်လုပ်နေတယ်ဆိုတော့ အသိမိတ်ဆွေတွေက လာလာပြောကြတယ်။ Facebook မှာ ကလေးကား (Child Porn), Incest စတာတွေ တအားများတယ်။ Incest ဆိုရင် တူမလေးက ၇ နှစ်ပဲရှိသေးတယ် ဘာပြုလိုက်ရဆိုတာတွေ အများကြီးတွေ့လာရတယ်။ တချို့ကလေးတွေဆို ပြုံးလျက်ရယ်လျက်ပဲလို့ ပြောကြတယ်။ ညီမလေးတစ်ယောက်က Twitter မှာတွေ့လိုက်လို့ ss ယူထားပြီး ကျမကိုလာပြတာဆိုရင် တအားရှော့ခ်ဖြစ်သွားတယ်။ ကလေးမလေးက ငါးနှစ်လောက်ပဲ ရှိဦးမယ်။ ဖြူဖြူဖွေးဖွေး ချစ်စရာလေး။ လူကြီးက သူ့လိင်အင်္ဂါကိုကိုင်ခိုင်းနေတာကို သူ့မှာပုံမှန်အလုပ်လိုပဲ ရယ်လို့ပြုံးလို့။ ကျမတို့ ဘာဆက်လုပ်ကြမလဲ? ▪လောလောဆယ် စဉ်းစားလို့ရတာကတော့ အဲ့လိုဂရုတွေ၊ ပို့စ်တွေ၊ ဓာတ်ပုံတွေမြင်ခဲ့ရင် Report လုပ်ပေးပါ။ ▪ကိုယ်ကိုယ်တိုင် Sex Education ဆိုတာဘာလဲလို့ လေ့လာဆည်းပူးပါ။ Myanmar Parenting Page မှာ Video တွေအများကြီးတင်ထားပေးပါတယ်။ စာဖတ်ချိန်မရတောင် Video လေးဖွင့်ထားပြီး နားထောင်လို့ရပါတယ်။ ▪ 360ed ရဲ့ ဘေးကင်း AR စာအုပ်၊ မဂျက်စီကာမိုးဇက်ရဲ့ The Body Parts စာအုပ်၊ ဆရာဖြိုးရဲ့ သားတွေကိုပြောပြပေးပါ၊ ညီလေးတို့ဖတ်ဖို့၊ သမီးတွေကို ပြောပြပေးပါ စာအုပ်များကို ဝယ်ယူဖတ်ရှုသင့်ပါတယ်။ ▪Sex Education ကိုသေချာနားလည်သူများက ကိုယ့်အနီးပတ်ဝန်းကျင်ကို အသိပညာမျှဝေပေးပါ။ ဤခရီးနီးသလား …….. ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။

Add a Comment

Your email address will not be published. Required fields are marked *