115429823_10157541411455415_1992574389626992894_o

ကွာရှင်းထားတဲ့မိဘဖြစ်လာတဲ့အခါ သားသမီးကို ဘယ်လိုပြုစုပျိုးထောင်မလဲ

ကွာရှင်းထားတဲ့မိဘတွေဖြစ်လာတဲ့အခါ ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်မလဲဆိုတာနဲ့ပတ်သက်ပြီး Mandalay FM မှာ ဝေမျှထားတဲ့အသံဖိုင်လေးပါ။https://drive.google.com/file/d/1Wd6Q1eY0gyCzr2hnQl1rUnmLM4OWYFsH/view?usp=sharing– ကွာရှင်းမယ်လို့ဆုံးဖြတ်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ ဘယ်လိုပြင်ဆင်ရမလဲ(၁) ကိုယ့်ကိုယ်ကိုယ်ချစ်ပါ။ ကိုယ့်ပျော်ရွှင်မှုကိုရှာဖွေပါ(၂) “ငါရှိနေသရွေ့ ငါ့သားသမီးအဆင်ပြေပျော်ရွှင်စေရမယ်” ဒီနှစ်ချက်ကို အမြစ်တွယ်နေအောင် တွေးထားတယ်- တတ်ကျွမ်းနားလည်သူတွေနဲ့ ဆွေးနွေးတိုင်ပင်သင့်သလားတစ်ယောက်နဲ့တစ်ယောက် အခြေအနေ၊ စိတ်ပင်ပန်းခံနိုင်မှု၊ ခံယူချက်တွေမတူလို့ တစ်ယောက်နဲ့တစ်ယောက် recover ဖြစ်တာမတူလို့ Counseling Service တွေကို သေချာယူတာက အကောင်းဆုံးကျော်ဖြတ်နည်းတစ်ခု ဖြစ်ပါတယ်။- အနာဂတ်အတွက် ငွေရေးကြေး ဘယ်လိုစီမံရမလဲ(၁) သုံးငွေ(၂) ဝင်ငွေ(၃) စုငွေသုံးငွေ – တစ်လဘယ်လောက်သုံးနိုင်လဲဆိုတာ တွက်ထားပြီး တစ်နေ့ဘယ်လောက်သုံးလို့ရလဲ တွက်ပြီးသုံးပါ။ဝင်ငွေ – ဝင်ငွေတိုးချင်ရင် ကိုယ့်အရည်အချင်းတိုးတက်အောင်လုပ်။ ဝင်ငွေလမ်းကြောင်း အနည်းဆုံးနှစ်ကြောင်း ရအောင်ထားပါ။စုငွေ – အခေါက်ရွှေ မူးစုပဲစုဆိုတာမျိုး စုပါ။ ဘဏ်ထဲမှာ Fixed Deposit ထားပြီးစုတယ်။ အခုဆိုရင် အာမံကုမ္ပဏီတွေလည်း အများကြီးပေါ်လာပြီဆိုတော့ အာမခံဝယ်ပြီးစုပါ။”ငါကွာရှင်းတော့မယ်လို့ ဆုံးဖြတ်ထားတယ်၊ ကွာလည်းကွာရှင်းခဲ့တယ်ဆိုရင် ကလေးပြုစုစောင့်ရှောက်ရေးနဲ့ပတ်သက်လို့ ငါက Single Dad/Mom ပဲဆိုတဲ့ Excuse ကို ဘယ်တော့မှမပေးပါနဲ့”ဝင်ငွေလည်းနည်းသွားမယ်၊ ကလေးကိုလည်းတစ်ယောက်တည်းအချိန်ပေးရတော့ ပိုပင်ပန်းတယ်။ စိတ်ဖိစီးမှုတွေ များလာတဲ့အခါ ကလေးကိုအော်ဟစ်တာ၊ screentime ပေးပစ်မိတာများကို လုပ်မိတတ်တယ်။ ကျမတုန်းကလည်း အစကလုပ်မိတယ်။ နောက်ပိုင်းကြိုးစားပြီး ပြင်ပါတယ်။ကွာရှင်းတယ်ဆိုတာ ဘာလဲ ကလေးအသက်အရွယ်အလိုက် သင့်တင့်တဲ့ နားလည်တဲ့စကားလုံးနဲ့ ရှင်းပြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်တာ၊ အမုန်းပွားစေတာမျိုးတွေ မပြောဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။ ကလေးက သူ့ကို မိဘနှစ်ပါးလုံးက ချစ်တယ်ဆိုတဲ့စိတ်ကလေးကို မွေးမြူပေးတတ်ဖို့ လိုပါတယ်။Single Parent အထူးသဖြင့် Single Mom တွေဆို နှိမ်တတ်လား? ဘယ်လိုတုန့်ပြန်သင့်လဲ?အဓိကက both marriage & divorce က normal ပဲလို့ ကိုယ်ကိုယ်တိုင်လက်ခံနိုင်ဖို့ လိုပါတယ်။ အဲ့လိုလက်ခံသွားမှ why me ဆိုတဲ့ခံစားချက်တွေရော၊ ပတ်ဝန်းကျင်က ဘာပြောမလဲဆိုတာမျိုးတွေရော မတွေးဖြစ်တော့တာပါ။ တမင်ကြီးလာနှိမ်ရင် မျက်နှာကိုတည့်တည့်ကြည့်ပြီး မကြိုက်ကြောင်း ယဉ်ယဉ်ကျေးကျေး ပြန်တုန့်ပြန်တာ ကျမအတွက်တော့ အဆင်ပြေဆုံးနည်းလမ်းပါ။ ကျမပြောနေကျအတိုင်း ထပ်ပြောရရင် “လူတိုင်းဟာ ပျော်ရွှင်မှုနဲ့ ထိုက်တန်ပါတယ်။ မိမိကိုယ်ကိုယ် အမှန်တကယ်ချစ်ပါ” လို့။ #drsabai

Add a Comment

Your email address will not be published. Required fields are marked *