69148591_2396814257252289_6241323208985804800_n

သားသမီးကို ပြောသင့်သော စကားနှစ်ခွန်း

“Thank you”

“I’m so proud of you”

မနေ့က Parent-Teacher Meeting သွားတော့ သားဆရာမက “He’s very wonderful, curious, always asking questions and he can lead his friends, sharing things and I’m so proud to have him as my student.” ဒီလို compliment လေး ပေးပါတယ်။ အမေဆိုတော့ ကိုယ့်သားသမီးလေး ဒီလိုပြောခံရရင် ပျော်တာပေါ့နော်။ ကျမသားက စာနဲ့ပတ်သက်ပြီး ချီးကျူးခံရတာမျိုး မရှိပါဘူး။ သူ့ personality ကြောင့်ပဲ အမြဲချီးမွမ်းခံရပါတယ်။ ဒီ့အတွက်လည်း ကျမ အမြဲဂုဏ်ယူပါတယ်။

အဲဒါနဲ့ အိမ်ပြန်ရောက်တော့ ကျမသားကို သေချာဖက်လိုက်ပြီး မျက်လုံးတည့်တည့်ကြည့်ပြီး သားဆရာမကတော့ ဒီလိုပြောလိုက်တယ်။ အဲ့လိုချီးမွမ်းခံရအောင် လုပ်ပေးတဲ့အတွက် သားကိုမေမေ အရမ်းကျေးဇူးတင်ပါတယ်။ And I’m so proud of you! ဒီလိုလေး သေချာပြောဖြစ်ပါတယ်။ အမေက လှိုက်လှိုက်လှဲလှဲကို ပြောပေးတာကို သူသိပါတယ်။ ကလေးက ပျော်တယ်။ သူ့အားထုတ်မှုသေးသေးလေးကို ဒီအမေက appreciate လုပ်ပေးတာကို သူကျေနပ်တယ်။ သူ့ကိုယ်သူလည်း ယုံကြည်မှုတိုးတာပေါ့။

ဘေးကသူ့အဖွားကတော့ ဟားပါတယ်။ ကိုယ့်သားသမီးကိုအေ ဘာလို့ကျေးဇူးတင်ရမတုန်းတဲ့။ ဟုတ်တယ် ကျမတို့ ကြီးပြင်းလာတဲ့ခေတ်အဆက်ဆက်က သားသမီးကိုကျေးဇူးတင်တဲ့ အလေ့အကျင့်မှ မရှိခဲ့တာ။ ကိုယ့်သားကိုယ့်သမီး ကိုယ်ဂုဏ်ယူတယ်ဆိုရင်တောင် ပါးစပ်ကထုတ်မပြောတ်ဘူး။ ပါးစပ်က ထုတ်မပြောဘဲလည်း သိနိုင်တဲ့ intangible things တွေလည်းရှိတယ်ဆိုပေမယ့် ထုတ်ပြောလိုက်လို့လည်း ဘာမှထိခိုက်မသွားပါဘူး။ မိဘနဲ့သားသမီးကြားက ပွင့်လင်းရင်းနှီးမှုကိုတောင် ပိုတိုးတက်စေပါသေးတယ်။ မိဘတိုင်းက သားသမီးတိုင်းကို ချစ်ကြတယ်ဆိုပေမယ့် ချစ်တတ်ဖို့လည်းလိုတယ် ချစ်ပြတတ်ဖို့လည်း လိုပါတယ်။

#MyanmarParenting

#DrSabai

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *