Myanmar Parenting မှစီစဉ်သော “Coping with Autism and Our Future” ဟောပြောပွဲတွင် မေတ္တာဖြင့်ပါဝင်ကူညီပေးမယ့် Associate Professor & Senior Consultant Psychiatrist Dr. ခင်ဥမ္မာနိုင်အကြောင်းကို မိတ်ဆက်ပေးပါရစေရှင့်Dr. ခင်ဥမ္မာနိုင်သည် ယခုလက်ရှိတွင် University Putra Malaysia ၏ စိတ်ကျန်းမာပညာဌာနတွင် Senior Consultant Psychiatrist and Associate Professor အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ဆရာမကြီးသည် ရန်ကုန်ဆေးတက္ကသိုလ်(၁)မှ ဆေးပညာဘွဲ့ရရှိခဲ့ပြီး Universiti Sains Malaysia (USM) မှ M.Med.Psychiatry စိတ်ကျန်းမာပညာဘွဲ့လွန်ကို ရရှိခဲ့ပါသည်။ အထွေထွေစိတ်ကျန်းမာပညာဌာနတွင် ၂၄ နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့ပြီး Anxiety, Depression, Schizophrenia, Bipolar နှင့် အခြားစိတ်ရောဂါကုသမှုများတွင် ဆေးပေးခြင်း၊ စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာ နည်းလမ်းအဖုံဖုံဖြင့် ကုသအောင်မြင်ခဲ့သော မှတ်တမ်းကောင်းများ ပိုင်ဆိုင်ထားပါသည်။ဆရာမကြီးသည် Child & Adolescent Psychiatry ကို စိတ်အားထက်သန်သည့်အားလျော်စွာ Attention-Deficit Hypersensitivy Disorder (ADHD), Autistic Spectrum Disorder (ASD) နှင့် Learning Disabilitiy များကဲ့သို့သော Neurodevelopmental Disorder များကိုလည်း ကုသပေးလျက်ရှိပါသည်။ ထို့အပြင် International Level ကျန်းမာရေးစာစောင်များတွင်လည်း ပုံမှန်ရေးသားထုတ်ဝေ သုတေသနပြုလျက်ရှိပါသည်။အချိန်ပေးပြီး ဟောပြောပွဲကျင်းပပေးသည့်အတွက် ဆရာမကြီး Dr. ခင်ဥမ္မာနိုင်အား Myanmar Parenting မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။ ဆရာမကြီး၏ ဟောပြောချက်များနှင့် Autism ကလေးငယ်၏မိခင် မမမေသင်းတို့၏ အတွေ့အကြုံမျှဝေခြင်းတို့ကို လာရောက်နားထောင်ပါရန် လေးစားစွာဖိတ်ကြားအပ်ပါတယ်နော်။ဒီဇင်ဘာ ၂၈၊ ၂၀၁၉ (စနေ)နေ့လည် ၁-၃ နာရီရန်ကင်းကလေးဆေးရုံကြီးအနီးက တိုင်းရင်းသားစားသောက်ဆိုင်မှာ ကျင်းပမှာဖြစ်ပါတယ်။ ဟောပြောပွဲမှာ အခမဲ့ဖြစ်ပါတယ်။ Registration လုပ်ထားဖို့တော့ လိုအပ်ပါတယ်ရှင်။ Registration အတွက် မခင်သန့်စင် Khin Thant Sin 09254013150 သို့ နာမည်စာရင်းပေးပေးပါရှင်။ ကျေးဇူးတင်ပါတယ်။#CopingwithAutismbyMyanmarParenting