Myanmar Parenting မှကျင်းပသော “Coping with Autism & Our Future” ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးပေးမယ့် ချစ်ရတဲ့အစ်မ“မေသင်း”ရဲ့အကြောင်းလေးကို ဝေမျှပေးလိုက်ပါတယ်ရှင်။မေသင်း၏ အမည်ရင်းမှာ သင်းသင်းဖြစ်ပြီး ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့တွင် မွေးဖွားခဲ့သူဖြစ်ပါတယ်။ဖခင် ဦးစံလင်း(တရားလွှတ်တော်ရှေ့နေ)နှင့် မိခင် ဆရာမဒေါ်တင်ကြည်(အ.ထ.ပြ ငြိမ်း)တို့၏ တစ်ဦးတည်းသောသမီးဖြစ်ပြီး ၁၉၉၇ ခုနှစ်တွင် ဖျာပုံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သိပ္ပံဘာသာတွဲ(ဓာတု၊ရူပ၊ဇီဝ) နှင့် သင်္ချာဘာသာတို့တွင် ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့သူဖြစ်ပါတယ်။ နိုင်ငံရေးအခြေအနေ မငြိမ်သက်မှုများကြောင့် တက္ကသိုလ်ကျောင်းများအားလုံး ပိတ်ထားရသဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသော်လည်း (၃)နှစ်တိတိ ကျောင်းနားခဲ့ရပြီး ၂၀၀၀ ပြည့်နှစ်ရောက်မှသာ တက္ကသိုလ် တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။ကျောင်းနားထားရစဥ် တစ်လျှောက်လုံးရော၊ တက္ကသိုလ်တက်နေစဥ်တစ်လျှောက်လုံးရော တက္ကသိုလ်ဝင်တန်းကျောင်းသူ/သားများအား Study Guide လုပ်ကာ မိဘနှစ်ပါးအားလုပ်ကျွေးရင်း မိမိကျောင်းစာရိတ်အားမိမိကိုယ်တိုင် ရှာဖွေခဲ့သူလည်း ဖြစ်ပါတယ်။ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များအားလုံးကို အမှတ်မီသော်လည်း ဝါသနာပါရာ အင်္ဂလိပ်စာဘာသာအထူးပြုကိုသာယူခဲ့ပြီး Study Guide, Tourist Guide လုပ်ရင်း အသက်မွေးခဲ့သူဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ B.A(English) Q ကိုရခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်တွင် နိုင်ငံရေးအခြေအနေကြောင့် တက္ကသိုလ်ကျောင်းများ တစ်နှစ်တိတိထပ်မံပိတ်ခဲ့သဖြင့် ကျောင်းခဏနားခဲ့ရပြန်ပါတယ်။ အဲ့ဒီနောက် ၂၀၀၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှပေးအပ်သော မဟာဝိဇ္ဇာဘွဲ့ M.A(English)နှင့် Diploma in Global English တို့ကို ရရှိခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်တွင် အိမ်ထောင်ပြုခဲ့ပြီး သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက် ထွန်းကားခဲ့ပါတယ်။(၂၀၀၇ မှ၂၀၀၈) ခုနှစ် အထိ ရန်ကုန်ရေကြောင်းသိပ္ပံကျောင်း၌ အင်္ဂလိပ်စာဌာနတွင် နည်းပြတာဝန်ကို စတင်ထမ်းဆောင်ခဲ့ပါတယ်။ ထိုစဥ် မိခင်ကြီး၏ ကျန်းမာရေးအခြေအနေကြောင့် အလုပ်ထွက်ခဲ့ရပြီး မိမိအိမ်၌ပင် တက္ကသိုလ်ဝင်တန်း ကျောင်းသူ/သားများအား သင်ကြားသည့် Study Guide အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။မိခင်ကြီးကွယ်လွန်သွားပြီးနောက်(၂၀၁၂-၂၀၁၃) အထိ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ရှိ တောင်ကုတ်ဒီဂရီကောလိပ်၌လည်းကောင်း၊(၂၀၁၃-၂၀၁၆) အထိ ရန်ကုန်မြို့ ဒဂုံတက္ကသိုလ်၌လည်းကောင်း အင်္ဂလိပ်စာနည်းပြဆရာမအဖြစ် ဒုတိယအကြိမ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အော်တစ်ဇင် သားလေးအား အနီးကပ်အထူးစောင့်ရှောက်ရန် လိုအပ်လာသဖြင့် ၂၀၁၆ ခုနှစ်တွင် အလုပ်မှ ဒုတိယအကြိမ် အနားယူခဲ့ရပြန်ပါတယ်။စာရေး၊ စာဖတ်နှင့် စာသင်ကြားရေးကို အထူးစိတ်ဝင်စားသူဖြစ်သောကြောင့် မေမေသင်းသင်းဆိုတဲ့အမည်နဲ့ ၂၀၁၇ မှစပြီး Autism Awareness ဆောင်းပါးများ၊ ကလေးငယ်တစ်ဦး၏ စကားပြောခြင်းဆိုင်ရာ ဆောင်းပါးများ၊ သားသားမီးမီးတို့နဲ့အတူတူ Paper Craft လုပ်ဖြစ်တာလေးများ၊ Play and Learn လုပ်ဖြစ်တာလေးများ၊ သင်ကြားရေးနည်းလမ်းလေးများကို social media ပေါ်၌ ဝေမျှပေးရင်း မေသင်းလို့ လူသိများလာခဲ့ခြင်းဖြစ်ပါတယ်။တက်တက်ကြွကြွနဲ့ ဆွေးနွေးပေးဖို့ လက်ခံပေးတဲ့ အစ်မ May Thinn ကို Myanmar Parenting မှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် #မေသင်း#MayThin#CopingwithAutism