“Coping with Autism and Our Future” ဆိုတဲ့ပွဲလေး ဖြစ်မြောက်အောင် စတင်အကောင်အထည်ဖော်ပေးတဲ့သူက Dear Tar Tar, We Explore တည်ထောင်သူ အစ်မ Hla Myat Sandy ပဲဖြစ်ပါတယ်။ မိသားစုခရီးသွား အကြောင်းအရာလေးတွေကို ဝေမျှပေးနေသူဖြစ်ပါတယ်။ အစ်မဟာ သမီးတစ်ယောက်မေမေ Mommy Blogger ပီပီ အဒေါ်ဖြစ်သူ မြန်မာပြည်ပြန်လာခိုက်မှာ မြန်မာမိဘနဲ့ကလေးတွေအတွက် အကျိုးရှိတဲ့ဟောပြောပွဲတစ်ခုလုပ်ရအောင်လို့ စတင်တွန်းအားပေးခဲ့သူဖြစ်ပါတယ်။ အစ်မကြောင့် ဒီပွဲလေးဖြစ်မြောက်လာတဲ့အတွက် မလှမြတ်စန္ဒီကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ရှင်။