Free-Banking-cover-letter-example-1

Cover Letter, Resume ဘယ်လိုရေးကြမလဲ? လုပ်ငန်းခွင်စဝင်မယ့်သူများ အထောက်အကူဖြစ်စေဖို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်

ကျမကို Cover Letter and CV/Resume ကောင်းကောင်းရေးတတ်အောင် စေတနာအပြည့်ဖြင့် သင်ပေးခဲ့သော ဆရာ ကို Thurein Maung Maung အား ဤစာစုဖြင့် ဂါရဝပြုအပ်ပါသည်။
How To Write An Attractive CV/Resume
ကျမတို့ အလုပ်လျှောက်ကြတဲ့အခါ CV Form တင်ကြလေ့ ရှိပါတယ်။ တော်တော်များများလည်း တင်ဖူးကြမယ် ထင်ပါတယ်။ ဘယ်လိုရေးဖူးကြလဲလို့ ပြန်စဉ်းစားကြည့်ပါ။
အမည်၊ အသက်၊ အိမ်ထောင်ရှိ/မရှိ၊ သွေးအမျိုးအစား၊ လိပ်စာ စသဖြင့် ပါကြမယ် ထင်ပါတယ်။ အသင့်ဖြည့်လို့ရတဲ့ CV Form တွေလည်း ရောင်းကြတာ တွေ့ဖူးပါတယ်။ ကျမ အခုပြောမယ့် CV form ကတော့ အထက်က ပြောခဲ့တဲ့ သမားရိုးကျ အကြောင်းအရာကနေ အနည်းငယ်ကွဲထွက်ပါမယ်။ ကိုယ်လျှောက်မယ့် ရာထူး သို့ အလုပ်အခြေအနေပေါ် မူတည်ပြီး သင့်သလို သုံးနိုင်ပါတယ်။
ကျမကတော့ ကံအလွန်ကောင်းတဲ့သူ ဖြစ်ခဲ့ပါတယ်။ ပထမဆုံးအလုပ်စလျှောက်ခါနီး Senior Management Level မှာ အလုပ်လုပ်နေတဲ့ ဆရာတစ်ယောက်က CV/Resume ရေးနည်း၊ အင်တာဗျူးဖြေနည်းတွေကို သေချာသင်ပေးခဲ့လို့ အလုပ်လျှောက်တဲ့နေရာမှာ အစစအရာရာ အဆင်ပြေခဲ့ပါတယ်။ ဒါ့ကြောင့်မို့ ဆရာ့စေတနာကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီလိုပြန်ဝေမျှတာ ဖြစ်ပါတယ်။
ပထမဆုံးအချက်က အလုပ်လျှောက်တဲ့အခါမှာ Cover Letter and CV/Resume နှစ်မျိုးလုံး တင်သင့်ပါတယ်။
What is cover letter?
Cover Letter ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကိုယ်ဟာ ဒီအလုပ်နဲ့ ဘယ်လောက်သင့်တော်တယ်၊ ဒီအလုပ်ကို ဘယ်လောက်လုပ်ချင်တယ်ဆိုတာ အကျဉ်းချုံးဖော်ပြတာပါ။ အလုပ်ရှင်ဟာ Cover Letter ကိုကြည့်ပြီး CV/Resume တောင် ဆက်မကြည့်ပဲ ကိုယ့်ကို shortlist ခေါ်နိုင်တဲ့အတွက် ဂရုစိုက်ပြီး ရေးဖို့လိုပါတယ်။
ပထမဆုံး ကိုယ့်အမည်နဲ့ လိပ်စာအပြည့်အစုံကို ရေးရပါမယ်။
Name
Detailed address
Phone number
Email address
မှတ်ချက်။ ဖုန်းနံပါတ်ကို အမြဲကိုင်တဲ့နံပါတ်ကိုသာ ပေးသင့်ပါတယ်။ နံပါတ် ၂ လုံး ၃ လုံးပေးပြီး အလုပ်ရှင်က လိုက်ဆက်လိုက် ကိုယ်ကမကိုင်လိုက် ဖြစ်နေရင် impression ကျပါတယ်။
ပြီးရင် မိမိအလုပ်ရှင် သို့ တာဝန်ရှိသူ (များသောအားဖြင့် HR manager) ကို လိပ်မူပါမယ်။အမည်နဲ့ လိပ်စာအပြည့်အစုံ ပါရပါတယ်။ ဥပမာ –
Name
Title
Company name
Company address
ဒီနေရာမှာ အလုပ်ရှင် သို့ HR Manager ရဲ့အမည်ကို အလုပ်ခေါ်စာမှာ မဖော်ပြထားတာ များပါတယ်။ ဒါ့ကြောင့် ထည့်မရေးလည်း ရပါတယ်။ ဘယ်သူမဆို ကိုယ့်နာမည်ကို သိတယ်/ မှတ်မိတယ်ဆိုရင် ကျေနပ်ကြတာကြောင့် ထည့်ရေးရင် ပိုကောင်းပါတယ်။ ကိုယ်အလုပ်လျှောက်မယ့် ကုမ္ပဏီကို ဖုန်းဆက်မေးတာပဲဖြစ်ဖြစ်၊ company website/ facebook page မှာ လှန်လှောရှာဖွေတာပဲဖြစ်ဖြစ်၊ google လုပ်တာပဲဖြစ်ဖြစ်၊ linkedin မှာ ရှာတာပဲဖြစ်ဖြစ် စတဲ့နည်းလမ်းတစ်ခုခုသုံးပြီး HR manager သို့ တာဝန်ရှိသူရဲ့ အမည်ကို သိနိုင်ပါတယ်။ နိုင်ငံခြားသား အလုပ်ရှင်ဆိုရင် Mr./Ms. (last name) လို့ရေးပါ။ အမျိုးသားလား အမျိုးသမီးလား မသဲကွဲရင် Mr./Ms. မထည့်ဘဲ full name ကိုရေးပါ။ လုံးဝကို မသိခဲ့ရင်တော့ HR Manager လို့ ရေးနိုင်ပါတယ်။
ပြီးရင် နေ့စွဲ ရေးပါမယ်။
ဒီလိုရေးပြီးတဲ့နောက် Dear Sir/Madam အစချီလျက် ပေးစာဆက်ရေးပါမယ်။ gender and/or name မသိခဲ့ရင် Dear HR manager or To whom it may concern လို့ ရေးနိုင်ပါတယ်။
Cover Letter ကို ရေးတဲ့အခါ သုံးပိုဒ်က အနေတော်ပါပဲ။
?ပထမပိုဒ်မှာ ဘယ်ရာထူးအတွက် လျှောက်တယ်ဆိုတာ ရေးပြီး သက်ဆိုင်ရာ အလုပ်အတွေ့အကြုံကို နည်းနည်းရေးပါမယ်။
?ဒုတိယပိုဒ်မှာ အလုပ်ခေါ်စာရဲ့ job description ကိုမှီငြမ်းပြီး ရေးပါမယ်။
?တတိယပိုဒ်မှာ လူတွေ့စစ်ဆေးမှုကို စောင့်နေပါမယ့်အကြောင်း ပြောရင်း နိဂုံးချုပ်ပါမယ်။
ပထမပိုဒ်ကို အကျယ်ပြောရရင် I’m writing this letter to apply for the position of a receptionist (for example) လို့ စနိုင်ပါတယ်။ အရင်ကအလုပ်နဲ့ အခုလျှောက်တဲ့အလုပ်နဲ့ ဆက်စပ်တဲ့အချက်ကို ထည့်ရေးပါ။ ဥပမာ – must have 5 years of sales experience လို့ပြောရင် I have worked as a sale supervisor at The Sun Company for 6 years လို့ရေးနိုင်ပါတယ်။
ဒုတိယအပိုဒ်မှာ ကိုယ်လျှောက်တဲ့အလုပ်ရဲ့ Job Description ထဲမှာပါတဲ့ စာသားအနည်းငယ်ကို ယူသုံးလို့လည်း ရပါတယ်။ ဥပမာ – frequent travel လုပ်ရမယ်လို့ ပြောထားရင် I’m able to travel frequently လို့ရေးပြနိုင်သလို nursery ဆရာမအဖြစ် လျှောက်တဲ့အလုပ်မှာ must understand child psychology လို့ပါရင် I have learned child psychology and applied my knowedge through the years I worked at Queen Nursery စသဖြင့် ရေးနိုင်ပါတယ်။
တတိယအပိုဒ်မှာ I am looking forward to meeting you in person and discussing about further details. Thank you for your time. စသဖြင့် နိဂုံးချုပ်နိုင်ပါတယ်။ ဒီနေရာမှာ I look forward လို့မသုံးပဲ I’m looking forward လို့ပဲ သုံးစေချင်ပါတယ်။ ဒီအလုပ်နဲ့ ပတ်သက်ပြီး စိတ်အားထက်သန်မှု ပြင်းပြတယ်ဆိုတာ အလုပ်ရှင်ကို သိစေချင်လို့ပါ။
Yours sincerely,
Full name
ရေးပြီး အဆုံးသတ်နိုင်ပါတယ်။
CV/Resume
အကောင်းဆုံး CV ဟာ စာတစ်မျက်နှာအတွင်း ရှိသင့်ပါတယ်။ ဒါပေမယ့် academic personnel တွေ Professional Experience အရမ်းများတဲ့သူတွေဆိုရင်တော့ စာမျက်နှာများနိုင်ပါတယ်။
အရင်ဆုံး
Name
Full address
Phone number
Email address ရေးပါ။
ဒီလေးမျိုးနဲ့ ရေးပါမယ်။
?Objective
?Professional Experience
?Education/Training
?Other Competence/Additional Skills
Objective
ဒီအလုပ်ကို ဘာ့ကြောင့်လျှောက်တယ်ဆိုတာ ကျစ်ကျစ်လစ်လစ် ပြောပြတာပါ။ ဥပမာ – 5 star Hotel Assistant Cook အနေနဲ့ လျှောက်တယ်ဆိုရင် To assit Chief Cook in serving high quality meals to customers at this hotel of high reputation လို့ရေးနိုင်ပါတယ်။
Professional Experience
ကိုယ်က တခါမှ အလုပ်မလုပ်ဖူးဘူးဆိုရင် လျှောက်တဲ့အလုပ်နဲ့ သက်ဆိုင်တဲ့ ကျောင်းတုန်းက အတွေ့အကြုံတွေနဲ့ volunteer experience တွေကို အသေးစိတ်ရေးပေးပါ။
ကိုယ်က အလုပ်အတွေ့အကြုံ ရှိပြီးသားဆိုရင်တော့ နောက်ဆုံးအလုပ်ကစလို့ ပထမဆုံးအလုပ်အထိ ရေးချပါ။ ဒီလိုရေးတဲ့အခါ လျှောက်တဲ့အလုပ်ရဲ့ job description ထဲက အချက်တွေကို ထည့်ရေးသင့်ပါတယ်။ ကောင်းမွန်တဲ့ HR rules & practices ရှိတဲ့ company/organization ဆိုရင် သူတို့လိုချင်တဲ့ job description ကို သေချာပြောပြထားတာမို့ ကိုယ်က သူတို့လိုချင်တာနဲ့ ကိုယ့်အတွေ့အကြုံနဲ့ကို ရောစပ်ပြီး ရေးနိုင်ပါတယ်။ ဥပမာ – medical coordinator အလုပ်လျှောက်ရာမှာ medical inventory တွေကိုပါ တာဝန်ယူထိန်းသိမ်းရမယ်လို့ ရေးထားတယ် ဆိုပါစို့။ အရင်ကလုပ်ခဲ့တဲ့ project assiant အလုပ်မှာ drugs ဘယ်လိုဝယ်ယူခဲ့တယ် medical store ကို ဘယ်လိုထိန်းသိမ်းခဲ့တယ် စာရင်းကဘယ်လိုလုပ်တယ် စသဖြင့် ရေးပြနိုင်ပါတယ်။
Education and Training
ကိုယ့်ပညာအရည်အချင်းကို ပါရဂူဘွဲ့>မဟာဘွဲ့>ပထမဘွဲ့ စသဖြင့် ကိုယ့်ရဲ့ အမြင့်ဆုံးဘွဲ့ကစလို့ ဘွဲ့ရတဲ့ကျောင်းရယ် ခုနှစ်ရယ် ယှဉ်တွဲပြီး ရေးနိုင်ပါတယ်။ Diploma and Certificate တွေကိုလည်း ထည့်ရေးပါ။ Education ပြီးသွားရင် ကိုယ်ရဖူးတဲ့ Training တွေကိုလည်း ခုနှစ်အလိုက် ရေးပေးနိုင်ပါတယ်။ လက်ရှိလျှောက်တဲ့အလုပ်နဲ့ မသက်ဆိုင်တဲ့ Certificate and Training တွေကိုတော့ ကိုယ့်မှာရေးစရာအရမ်းများနေရင် ချန်ခဲ့သင့်ပါတယ်။
Other Competence/Additional Skills
Microsoft Office ကို ကျွမ်းကျင်ပိုင်နိုင်တာမျိုး၊ English အပြင် အခြားဘာသာစကားတစ်ခုခု တတ်ကျွမ်းတာမျိုး၊ software တစ်ခုခုကို တတ်မြောက်တာမျိုး (eg. SPSS, advanced excel)၊ ခရီးသွားကုမ္ပဏီမှာ အလုပ်လျှောက်တယ်ဆိုရင် Travel Blog ရေးဖူးတာမျိုးတွေကို ထည့်ရေးလို့ရပါတယ်။
တချို့အလုပ်တွေဟာ အရင်အလုပ်က အထက်လူကြီးတွေရဲ့ ထောက်ခံချက် တောင်းတတ်ပါတယ်။ ဒါဆိုရင် ထည့်ရေးပေးဖို့ လိုပါတယ်။ Refree ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးရမှာပါ။ အဲ့လိုထည့်ရေးရာမှာ ကိုယ့်ကိုထောက်ခံပေးမယ့် အထက်လူကြီးကို ကြိုပြောထားဖို့လိုပါတယ်။ အထက်လူကြီးရဲ့ အမည်၊ လက်ရှိရာထူးနဲ့ လက်ရှိအလုပ်၊ ဖုန်းနံပါတ်နဲ့ email address တို့ကို ထည့်ပေးရပါမယ်။
Other Tips About Cover Letter And CV/Resume
?Font ကို Times New Roman လိုမျိုး ရုံးသုံး font ကိုသာ ရွေးပါ။
?Cute ဖြစ်သော CV pattern and color များကို ရှောင်ပါ။
?CV pattern များကို microsoft word မှာ ရနိုင်ပါတယ်။
?အပြီးသတ်ရေးပြီးတဲ့အခါ pdf file အနေနဲ့သိမ်းပါ။ email ပို့ရင်လည်း pdf format နဲ့ပဲပို့ပါ။
?Cover letter and CV/Resume ကို အကြမ်းထည် frame တစ်ခု ရေးပြီး သိမိးထားပါ။ လျှောက်လိုတဲ့ အလုပ်ပေါ်မူတည်ပြီး Cover letter amd CV/Resume ကို အမြဲပြင်ရေးပါ။
?အစအဆုံး သေချာပြန်စစ်ပါ။ အမှားတစ်ခုမှ မရှိအောင် သေသေချာချာစစ်ပါ။
?print ထုတ်ပြီး ကိုယ်တိုင်ပေးမယ်ဆိုလည်း A4 ဆိုဒ်စာအိတ်ပေါ်မှာ အလုပ်ရှင် သို့ HR Manager ကို လိပ်မူပြီးပေးပါ။
?email နဲ့ပို့မယ်ဆိုလည်း email subject နေရာမှာ Application form of (job position) လို့ ရေးပြီးမှ ပို့ပါ။ email ပို့အပြီး ၁-၂ ရက်အကြာတွင် ကုမ္ပဏီသို့ ဖုန်းဆက်ပြီး email ရမရ confirm လုပ်ပါ။ နိုင်ငံခြားသို့ လျှောက်တယ်ဆိုလည်း email reply နှိပ်ပြီး ကျွန်တော်/ကျွန်မ၏ Cover letrer and CV/Resume ရမရ follow up လုပ်ပေးပါ။
?Cover letter, CV, Resume စသဖြင့် google လုပ်ကြည့်ပါ။ စုတုပြုပါ။ တဖြည်းဖြည်းနဲ့ အရေးအသား တိုးတက်လာပါလိမ့်မယ်။
?နောက်ဆုံးနဲ့ အရေးကြီးဆုံးကတော့ ရိုးသားပါ။ CV မှာ ပါသမျှ အကြောင်းအရာအားလုံးဟာ အမှန်တွေချည်း ဖြစ်ရပါမယ်။
အားလုံးပဲ စိတ်ချမ်းသာပျော်ရွှင်သော လုပ်ခလစာမျှတသော အလုပ်များ ရရှိအောင်မြင်နိုင်ကြပါစေ။
updated facts by Sayar Ko @thurein maung maung
Nyi Ma, your post look good and I recalled that was our discussion about 10 years ago… I also read few tips and attended training in the past few years. There are a couple of tips I learned and let me also share . . . ပထမပိုဒ်မှာ ဘယ်ရာထူးအတွက် လျှောက်တယ်ဆိုတာ ရေးပြီး သက်ဆိုင်ရာ အလုပ်အတွေ့အကြုံကို နည်းနည်းရေးပါမယ် + motivation လို့ခေါ်တဲ့ ဒီအလုပ်ကိုဘာကြောင့်လိုချင်တယ်၊ လှေ ျာက်တယ်ဆိုတာကိုလဲရေးသင့်တယ်လို့ လေ့လာမိတယ်။
?တတိယပိုဒ်မှာ လူတွေ့စစ်ဆေးမှုကို စောင့်နေပါမယ့်အကြောင်း ပြောရင်း နိဂုံးချုပ်ပါမယ် + အဲ့ဒီနေရာမှာ ကိုယ်ရဲ့ personality ကိုလဲထည့်ရေးလို့ရပါတယ်။ ဥပမာ လူတွေနဲ့ဆက်ဆံတာကိုကြိုက်တယ်ဆိုတာမျိုး၊ ခရီးထွက်ရတာကိုလည်း ကြိုက်တယ် စသဖြင့် သူ့ JD မှာဖေါ်ပြထားတာနဲ့ မိမိရဲ့ personality နဲ့ကိုက်တယ်ဆိုတာမျိုးကိုလဲထည့်လို့ရတယ် (အမှန်တွေပဲဖြစ်ပါစေ personality နဲ့မကိုက်ရင်တော့ထည့်မရေးနဲ့ပေါ့)။………………. CV မှာဆိုရင်တော့ format လဲအထိုက်အလှေ ျာက်အရေးကြီးမယ်ထင်တယ်။ CV ပေါင်း ၅၀၀ – ၁၀၀၀ လောက်ကြားထဲကနေပြီး ပထမ outlook မှာတင် outstanding ဖြစ်နေအောင် colour ထည့်သုံးတာမျိုးလုပ်လို့ရတယ် (professional ဆန်ုတဲ့ဟာမျိုးပေါ့ ကလေးကလား အများကြီးလဲမဟုတ်ဘူးပေါ့)။ CV မှာမိမိ ဓါတ်ပုံတစ်ခါတည်း (email နဲ့လျှောက်တဲ့အခါမျိုုး) ထည့်လို့ရတယ်၊ သန့်ရှင်းကျော့မော့တဲ့ professional ဆန်တဲ့ပုံမျိုးပေါ့၊ ကလေးကလားပုံမဖြစ်သင့် သလို့ passport photo တွေလို ရုပ်သေကြီးနဲ့ မျက်နှာတစ်ကွက်လေးမဟုတ်ပဲ၊ အပေါ်တစ်ပိုင်း ၆၅ ဒီဂရီလောက်စောင်းပြီး နှစ်လိုဖွယ်အပြုံးရှိပြီး business attire or ပြည်တွင်းလေ ျှာက်လွှာဆိုရင် မြန်မာဝတ်စုံ (men & women) နဲ့ရိုက်ထားသော အလင်းအမှောင်ကောင်းသော professional ဓါတ်ပုံမျိုးပဲဖြစ်သင့်တယ်။ အဲ့ဒါတွေမကိုက်ညီရင် မထည့်နဲ့ပေါ့၊ ဓါတ်ပုံထည့်ပေးရင် added value ရတာမျိုးကိုဖြစ်စေချင်တာပါ ဓါတ်ပုံကြည့်ပြီး impression ကျသွားတာမျိုးတော့မဖြစ်အောင်သတိထားဖို့လိုပါမယ်။ position ကိုဖေါ်ပြတဲ့ font ကိုလဲ colour သုံးနိုင်တယ် bold လုပ်နိုင်တယ်။ အခုနောက်ပိုင်း တွေ့တဲ့ CV ဆိုရင် 1 page ထဲရအောင် format တွေကိုလန်ထွက်အောင် လုပ်ထားတာတွေ့တယ်။ အဲ့လိုဟာတွေကတော့ IT တို့၊ art တို့၊ marketing တို့လိုမျိုး innovative demand ဖြစ်တဲ့အလုပ်တွေကိုလေ ျှာက်ရင်ကောင်းမယ်လို့ထင်တယ်။ academic နှင့့်high profile CEO တို့လိုမျိုးဆိုရင်တော့ သင့်မသင့်သိပ်မသေချာဘူး။ ……………..Both CV and CL မှာ သက်ဆိုင်ရာ နယ်ပယ်အလိုက် “buzz words” (i.e. NGO တွေမှာဆိုရင် community resilience, participatory etc. သင့်လျော်သလို) ထည့်သုံးတပ်ဖို့လိုပါတယ်။ ကျွမ်းကျင်ရာ approaches/method/methodology (ဥပမာ water and sanitation နယ်ပယ်မှာဆိုရင် IWRM, PHAST, CLTS etc.) တွေကို sell လုပ်ပါ။ you have to brand yourself of course, it has to link with the applied position (do not write something not relevant). အရေးကြီးတာက ကိုထည့်ရေးတာကိုသိဖို့လဲလိုပါတယ် မသေချာရင် ရမ်းမရေးပါနဲ့ ကျွမ်းကျင်တဲ့ သူတွေက ကြည့်တာနဲ့ ရွှီးထားရင်သိတယ်။ golden rule က CV နှင့် CL မှာ ညာပြီးမရေးပါနဲ့။ နောက်ဆုံးအနေနှင့်ပြောချင်တာကတော့ “say BIG save LITTLE” တဲ့ …. CV နှင့် CL မှာ ကိုယ်ဘာလုပ်ခဲ့တယ်ဆိုတာကို အရမ်းအသေးစိတ်ထည့်မရေးပါနဲ့တဲ့….အမြည်းနည်းနည်းပေး သိချင်ရင်ဝယ်ဖတ် (အင်တာဗျူ းခေါ်) ဆိုတဲ့သဘောပါ။ လူငယ်တွေ လက်စွမ်းပိုထက်ပြီး နောက်ကျနေတဲ့မြန်မာနိုင်ငံကိုဆွဲတင်နိုင်ကျပါစေဗျာ…

Add a Comment

Your email address will not be published. Required fields are marked *