မနေ့က (June 12 Friday) Counselling Corner က စီစဉ်ပေးတဲ့ “Understanding Your Child Behaviour in Confinement” ဆိုတဲ့ Workshop လေးတက်ဖြစ်တယ်။ ဦးဆောင်ဆွေးနွေးပေးသူက Clinical Child Psychotherapist တစ်ဦးဖြစ်တဲ့ Ms. Wailee Kui ပါ။ ကိုဗစ်ကြောင့် ကလေးတွေမှာ Behaviour တွေ ဘယ်လိုပြောင်းလဲသွားလဲ။ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ ဝိုင်းဝန်းဆွေးနွေးသွားတာမျိုး။
ဆရာမက အနှစ်ချုပ်လေးချက်ပြောတယ်။
1) Play games
2) Listen & acknowledge
3) Say things openly & clearly
4) Self-care
တစ်ချက်ချင်းပြန်ရှင်းပြရရင်
Play Games
ကလေးတွေရဲ့ Main Method of Communication က Body Language ပါတဲ့။ စကားပြောမဟုတ်ပါဘူးတဲ့။ ဒီ့အတွက် ကလေးနဲ့အတူတူကစားပေးတာဟာ ကလေးနဲ့နီးစပ်မှု၊ ရင်းနှီးမှုကို တိုးတက်စေပြီး ကိုဗစ်ကြောင့် ကလေးမှာအပြုအမူပြောင်းလဲတာတွေရှိရင်၊ စိတ်ဖိစီးမှုတွေရှိရင် သက်သာအောင်လုပ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုပါတဲ့။ မေမေဖေဖေတွေအနေနဲ့ တနေကုန်ဆော့ပေးရလို့ ခြေကုန်လက်ပန်းကျလာနိုင်တဲ့အတွက် ဖြေရှင်းနည်းကတော့ Play Time Schedule ဆွဲပေးတာပါတဲ့။ ဥပမာ – တစ်နေ့သုံးကြိမ်ကစားမယ်။ ဘယ်အချိန်တွေမှာကစားမယ်။ အဲ့လိုပြောထားပါတဲ့။ ဒါဆို ဒီအချိန်ကို စောင့်ရတာ ကလေးမှာ စိတ်လှုပ်ရှားပြီးတော့ Quality Time ပိုဖြစ်ပါတယ်တဲ့။ Screen Time ပိုများလာတယ်ဆိုလည်း Normal ပါပဲတဲ့။ Screen Time Limit လုပ်နိုင်ရင် အကောင်းဆုံးပေမယ့် မလုပ်နိုင်ဘူးဆိုလည်း မိဘနဲ့သားသမီး Connected လို့ ခံစားရစေမယ့် Quality Screen Time မျိုးကို လုပ်ပေးနိုင်ပါတယ်တဲ့။ ဉပမာ – တီဗီဂိမ်းတူတူကစားတာမျိုး
Listen & Acknowledge
ဒီနေရာမှာ ဆရာမပြောသွားတာလေး ကျမသိပ်သဘောကျလို့ သူပြောတဲ့အတိုင်းလေး ချရေးမယ်နော်။
“All emotions can be embraced. Not all behaviours.”
ကလေးတွေက မေမေရေ ကြောက်လိုက်တာ၊ ဖေဖေရေ ကြောက်လိုက်တာလို့ပြောတဲ့အခါ ကိုယ်ဘယ်လိုပြန်ပြောသလဲ? ကျမအရင်က ရေးဖူးသလို Positive Sentence နဲ့ပြန်တုန့်ပြန်တတ်ဖို့ အရေးကြီးပါတယ်တဲ့။ “မကြောက်နဲ့ မေမေရှိတယ်” လို့ပြောမယ့်အစား “ဟုတ်တယ် သားကြောက်တာ မေမေနားလည်တယ်။ It’s ok to be scared.” လို့ပြောတာက ကလေးအတွက် ပိုကောင်းပါတယ်။ ကလေးရဲ့ခံစားချက်တွေကို နားထောင်ပြီး နားလည်လက်ခံတတ်ဖို့ အလွန်အရေးကြီးပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ဘဝမှာက အမြဲအကောင်းချည်းပဲလာမှာ မဟုတ်လို့ပါ။ ကျမတို့ဘဝမှာ မှောင်မိုက်ခက်ခဲတဲ့အချိန်တွေမရှိဘူးလို့ ဟန်ဆောင်ဖုံးကွယ်နေတာထက် အဲ့လိုအချိန်တွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားမလဲလို့ စဉ်းစားဆုံးဖြတ်တာက ပိုကောင်းတာမို့ ငယ်စဉ်ကတည်းက ကလေးရဲ့ခံစားချက်ကို အသိအမှတ်ပြုဖို့လိုပါတယ်တဲ့။
Say Things Openly & Clearly
သူ့အရွယ်နဲ့သူ သိသင့်သိထိုက်၊ ပြောသင့်ပြောထိုက်တာတွေကို အသိပေးရပါမယ်။ ကိုဗစ်အကြောင်းဆိုလည်း ပြောပြထားမယ်။ ကိုဗစ်ကာလမှာ ဘာလို့အိမ်မှာပဲနေရလည်းဆိုတာ ပြောပြထားမယ်ဆိုရင် ကလေးအတွက် စိတ်သက်သာရာပိုရပါတယ်။ ကိုဗစ်အကြောင်းရယ်မှ မဟုတ်ဘဲ ကလေးအသက်အရွယ်အလိုက် သိသင့်သိထိုက်တာကိုတော့ ပြောပြရပါမယ်။ ဥပမာ – အဖေနဲ့အမေ အိမ်ထောင်ကွဲတာမျိုး၊ Sex Education လိုမျိုး။ ကလေးကို ကိုယ်ကမပြောပေမယ့် ကလေးက မိဘအမူအရာကို အမြဲအကဲခတ်နေတာမို့လို့ ကိုယ်ကထုတ်မပြောဘဲထားလိုက်ရင် အဲ့ဒီ့အရာကို ရှက်စရာလို့ ကလေးကစွဲမှတ်သွားတတ်ပါတယ်တဲ့။
“The topic you don’t want to talk about will be a taboo!”
နောက်ဆုံးအချက်ကတော့
Self-care
ကလေးကိုအဓိကထိန်းနေရတဲ့ မေမေ သို့မဟုတ် ဖေဖေတွေလည်း Self-care လုပ်ကိုလုပ်ဖို့ လိုပါတယ်တဲ့။ တစ်နေ့နာရီဝက်ပဲဖြစ်ဖြစ် ဆယ့်ငါးမိနစ်ပဲဖြစ်ဖြစ် ကိုယ့်တစ်ယောက်တည်း ကိုယ့်စိတ်ကြိုက် လုပ်ချင်တာလုပ်ဖို့ အချိန်ပေးပါတဲ့။ မဟုတ်ရင် ခြေကုန်လက်ပန်းကျလာမယ်။ ဖေဖေမေမေတို့ပျော်ရွှင်မှ သားသားမီးမီးတို့ ပျော်ရွှင်နိုင်မှာမို့ Me Time ကို ရအောင်ယူပါတဲ့။
ကျမကတော့ ဒီ Workshop လေးတက်မိတာ Me Time ယူမိလို့ ကိုယ့်ကိုယ်ကိုယ် အမေဆိုးကြီးလို့ ထင်နေတာကနေ စိတ်သက်သာရာရမိတယ်။ တခြားမေမေတွေ Share ကြတဲ့ ဖြေရှင်းပုံလေးတွေ နားထောင်ရတာလည်း အတုယူရလို့ စီစဉ်ပေးတဲ့ Counselling Corner နဲ့ ဆရာမ Wailee ကို ကျေးဇူးအများကြီးတင်ပါတယ်နော်။